Quaranthings 2020 (Pinoy Bl Series) ချစ်ဖူးစာ
ဒီ series လေးက အခုလိုကာလမျိုးနဲ့လိုက်ဘက်ညီမဲ့ ဖိလစ်ပိုင် bl series လေးပါ. IMDb အနေနဲ့က ၇.၁/၁၀ ထိတောင်ရရှိခဲ့တာပါ. အပိုင်း ၈ ပိုင်းရှိပါတယ်. ဇာတ်လမ်းအကျဉ်းလေးကတော့ အဖွားဖြစ်သူနဲ့စိတ်ဆိုးပြီး အဆောင်မှာလာနေတဲ့ကောင်လေးနဲ့ မိသားစုကိုထောက်ပံ့ဖို့မြို့မှာအလုပ်လာလုပ်ရင်း အဆောင်မှာလာနေတဲ့ ကောင်လေးနှစ်ယောက်ကြားကသံယောဇဉ်ကိုအခြေခံထားပါတယ်. အသွားလာကန့်သတ်မှု Quarantines တွေကြောင့် အဆောင်အခန်းလေးမှာပဲ သူတို့နှစ်ယောက် ဘယ်လိုဖြတ် သန်းကြမလဲ သူတို့ကြားဘယ်သူတွေ ပါဝင်လာမလဲကြည့်ပေးပါဦးဗျ. Series တစ်ခုလုံးမှာ outdoor scene တွေမပါဘဲ indoor ထဲမှာပဲ တစ်မျိုးလေးနဲ့စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ထားတာတွေ့ရပါတယ်. အာ့ကြောင့်လဲ rating ကောင်း ရခဲ့တာပါ. * ပြောချင်တာကတော့ အကြောင်းမရှိရင်အပြင်မထွက်ကြဖို့နဲ့ လက်ဆေးကြဖို့နဲ့ mask တပ်ကြဖို့ပြောချင်ပါတယ် ပြီးတော့ကိုယ့်ကိုမချစ်တဲ့သူတျောက်ကိုလဲအတင်းဖက်တွယ်မထားပါနဲ့ ဖူးစာပါလာရင် အိမ်မှာပဲနေရင်တောင်ရောက်လာတတ်တာမျိုးပါ အချစ်ဆိုတာ အတင်းလုပ်ယူလို့ရတဲ့ အရာမဟုတ်ပါချစ်တို့ *
0 comments:
Post a Comment